ကျိုင်းတုံမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် Fever Clinic ဖွင့်လှစ်ဆောင်ရွက်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၄ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျိုင်းတုံခရိုင် COVID-19 ရောဂါကာကွယ်ရေးနှင့် ရံပုံငွေရှာဖွေရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် Fever Clinic ကို ကျိုင်းတုံမြို့နယ်၊ မြို့တော်ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဆေးခန်းကို မြန်မာနိုင်ငံဆရာဝန်အသင်း၏ ကြီးကြပ်မှုနှင့် စစ်ဖက်အရပ်ဖက်မှ ဆရာဝန်များ၊ တတ်သိပညာရှင်များ၊ စေတနာ့ ဝန်ထမ်းအဖြစ် သူနာပြုကျောင်းသူများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် COVID-19 Prevention Volunteer group မှ စေတနာ့ဝန်ထမ်းလူငယ်များ၏ ကူညီဆောင်ရွက်မှုဖြင့် (၁၄.၅.၂၀၂၀) တွင် စတင်ဖွင့်လှစ်ခဲ့သည်။ Fever Clinic ဆေးခန်းဖြစ်မြောက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်ဖတီနှင့် နှီးနွယ်ဌာနဆိုင်ရာများမှလည်း ဝိုင်းဝန်းကူညီအားဖြည့် ပံ့ပိုးကူညီခဲ့ပါသည်။

 

 
 

More Tags