ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်သို့ COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်

မိုင်းပျဉ်း၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၄ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်ကျော်လင်း ဦးဆောင်သော အဖွဲ့သည် မိုင်းပျဉ်း မြို့နယ်သို့ သွားရောက်၍ COVID-19 ရောဂါ ကာကွယ်တားဆီးရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။အဖွဲ့တွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဝင်းနှင့် ဒေါက်တာ ကောင်းမြတ်စိုး၊ဦးစီးအရာရှိ(အခြေခံကျန်းမာ)တို့ပါဝင်ခဲ့သည်။

 

     ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်ကျော်လင်း ဦးဆောင်သောအဖွဲ့သည် မိုင်းပျဉ်းမြို့နယ် ပန်ပျင်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ပန်နောင်လုံ ကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် ဆေးခန်းနှင့်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှုများအား လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဌာနတွင်းအထွေထွေအုပ်ချုပ်မှုနှင့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုများအားလည်းကောင်း၊ တုံတာတိုက်နယ်ဆေးရုံ၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ဆိုင်ရာကိစ္စအဝဝအားလည်းကောင်း ကြီးကြပ် စစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် မှာကြားခဲ့သည်။

 
 

More Tags