COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ပတ်သက်သော ရသုံးလက်ကျန်၊ လိုအပ်ချက် Data များနှင့် ပတ်သက်၍ Video Conferencing ဖြင့် ဆွေးနွေးခြင်း အစည်းအဝေး ကျင်းပ

နေပြည်တော်၊၂၀၂၀ ပြည့်နှစ်၊ မေလ(၁၃)ရက်

     COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ပတ်သက်သော ရသုံး လက်ကျန်၊ လိုအပ်ချက် Data များကို သက်ဆိုင်ရာ Focal Person များ သတ်မှတ်၍ ဗဟိုဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ စီစဉ်ထားသော Google Sheet တွင် အပတ်စဉ် Update ပြုလုပ်ပေးလျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ အချက်အလက်များ ပေါင်းစပ်၍ ဖြည့်သွင်းရမည် ဖြစ်ပါသည်။ ထိုသို့ဖြည့်သွင်းရန်လည်း ဝယ်ယူဖြန့် ရေးဌာနမှ စာဖြင့် အကြောင်းကြားပြီး ဖြစ်ပါသည်။


     အထက်ပါလုပ်ငန်းစဉ်များ မှန်ကန်ရန်နှင့် မြန်ဆန်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးများအောက်ရှိ ဆေးရုံများ၏ ဆေးရုံအုပ်/ ဒုဆေးရုံအုပ်များ၊ သက်ဆိုင်ရာ Focal Person များနှင့် (၁၃-၅-၂၀၂၀) ရက်နေ့၊ နေ့လည် ၁:၀၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ Emergency Operation Center Room တွင် Video Conferencing ပြုလုပ်၍ ဆွေးနွေးခဲ့ပါသည်။


     ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျန်းမာရေးဌာန (၅၄) နေရာမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝယ်ယူဖြန့်ဖြူး ရေးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများမှ လက်ရှိဆောင်ရွက်နေမှုများ၊ တွေ့ကြုံနေရသော/ တွေ့ကြုံရနိုင်သော အခက်အခဲများနှင့် ယခုဖြည့်သွင်း ထားသော ရသုံးလက်ကျန်၊ လိုအပ်သော အချက်အလက်များပေါ် မူတည်၍ ပစ္စည်းများ ဖြန့်ဖြူးထားမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ပြီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို (၁၃-၅-၂၀၂၀) ရက်နေ့၊ နေ့လည် ၂ နာရီ ၄၃ မိနစ်တွင် ရုတ်သိမ်းခဲ့ပါသည်။

More Tags