COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (10-5-2020, 11:00 pm)

၁။ (၁၀-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၇၉) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၁၀-၅-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၈၀) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၌ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း (၇၂) ဦးရှိပြီဖြစ်ပါသည်။ ၎င်းတို့အနက် (၅၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ ယနေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။

 

More Tags