COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (7-5-2020, 7:00 am)

၁။ (၆-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ (ဒုတိအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၈၄) ခုတွင် -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၂) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၅၀) ဦး ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၄။ (၆-၅-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲနမူနာ (၁၇၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၇၂) ခုနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊ စုစုပေါင်း (၄၀၆) ခုတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

 
 

More Tags