COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (3-5-2020, 7:00 am)

၁။ (၃-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ တတိယအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၃၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ သို့ဖြစ်ပါ၍ (၃-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ (၂-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများတွင် -

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲနမူနာ (၃၂၀) ခုအား (၃) သုတ်ခွဲ၍လည်းကောင်း၊

• ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ (၅၈) ခုအား (၁) သုတ်ဖြင့်လည်းကောင်း၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၃၇၈) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

 

More Tags