COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-5-2020, 8:00 pm)

၁။ (၂-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၆) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၈) ခု၊ စုစုပေါင်း (၂၄၄) ခုတွင် -

• COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ (၂-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၁) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိ သူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေး လျက်ရှိပါသည်။ ထိုသို့စစ်ဆေးမှုများတွင် (၂-၅-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များဖြစ်သည့် (Case -53, 70, 71, 73, 75 နှင့် 85) တို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိပါ။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာများ၌ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း (၃၇) ဦးရှိပြီဖြစ်ပါသည်။

၄။ (၂-၅-၂၀၂၀) ရက်နေ့အထိ ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၇) ဦးရှိပြီဖြစ်ပြီး ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်ထားရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

၆။ ကျန်ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာ (၁၁၈) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိပါသည်။

၇။ (၁-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၄)ဦး ရှိပါသည်။

 

More Tags