ကယားပြည်နယ်အတွင်း COVID19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃၀ ရက်

     ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ပြည်နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် COVID19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို (၂၆-၄-၂၀၂၀) ရက်နေ့မှ (၃၀-၄-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝမ်း၊ ဒု-ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)၊ ဒေါက်တာအောင်သူထက်၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်(ဌက်ဖျား) နှင့် ဦးစိုင်းသော်တာ၊ မြို့နယ်ကျန်းမာရေးမှူးတို့သည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ဝေထားသည် စစ်ဆေးခြင်းပုံစံများဖြင့် စက်ရုံ၊ အလုပ်ရုံ(၄၀)ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စက်ရုံအလုပ်ရုံများရှိ ပြင်ဆင်ထားရှိမှုများကိုစစ်ဆေးပြီး လိုအပ်ချက်များကို အကြံပြုခြင်းနှင့် စက်ရုံအလုပ်ရုံများကို ဆက်လက်လုပ်ဆောင်ရန် သင့်/မသင့်ကို မှတ်ချက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

More Tags