မြို့နယ်များတွင် Community Based Facility Quarantine Sites များ ပြုလုပ်ထားရှိမှုအား နေပြည်တော် ကောင်စီဉက္ကဌနှင့်အဖွဲ့ လှည့်လည်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၀) ရက်

     နေပြည်တော်ကောင်စီဉက္ကဌ ဒေါက်တာမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် အဖွဲ့သည် နိုင်ငံတွင်း မည့်သည့်နေရာများမှမဆို နေပြည်တော်ကောင်စီ နယ်မြေအတွင်းသို့ ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်ခြင်းပြုလုပ်ရန် လိုအပ်သောသူများကို ထားရှိရန် မြို့နယ်များတွင် Community Based Facility Quarantine Sites များ ပြုလုပ်ထားရှိမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 


     ထိုသို့ လှည့်လည်စစ်ဆေးရာတွင် အသွားအလာ ကန့်သတ်ခြင်း ပြုလုပ်ခံရသူများအတွက် အိပ်ယာထိုင်ခင်းများ၊ ရေချိုးရန် နေရာများ၊ အိမ်သာများ၊ အစားအသောက် ကျွေးမွေးရာတွင် ပြုလုပ်လိုက်နာရမည့် အခြေအနေများကို ပြင်ဆင်ထားရှိမှုများအား စနစ်တကျ လုပ်ဆောင်ရန်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး အနေဖြင့် မြို့နယ်အလိုက် Quarantine Officer များ ထားရှိ၍ ၎င်းဦးဆောင်သော ကျန်းမာရေးအဖွဲ့များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုများအတိုင်း (၂၄) နာရီ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

 

More Tags