ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပိတ်ရက်ပြန်ဝန်ထမ်းများ ထားရှိရန်အတွက် ပြင်ဆင်ထားမှုများအား သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၁၉) ရက်

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ Quarantine Officer ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးမာနှင့် အဖွဲ့သည် ပိတ်ရက်ပြန်ဝန်ထမ်းများ ထားရှိရန်အတွက် ပြင်ဆင်ထားသော ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ဝင်ရောက်လာမည့် ဝန်ထမ်းများအား စနစ်တကျ လက်ခံနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး၊ စည်းမျဉ်းစည်းကမ်းများ စနစ်တကျ လိုက်နာနိုင်စေရေးနှင့် လိုအပ်သည့် သတင်းအချက်အလက်များ ပေးဝေနိုင်ရေးအတွက် မှာကြားခဲ့ပါသည်။

 

 

More Tags