COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (22-4-2020, 10:00 AM)

၁။ (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၂၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိပါသည်။

၂။ အဆိုပါ လူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ထားရှိဆေးကုသမှုပေးနေမှုများကို ဇယားတွင် ဖော်ပြအပ်ပါသည်။

၃။ ယနေ့အတွက် ဓာတ်ခွဲနမူနာများကို စစ်ဆေးနေဆဲဖြစ်ပါသည်။

(မှတ်ချက်။ ။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းကို (၂၁-၄-၂၀၂၀)ရက်နေ့၊ ည (၁၀:၀၀) သတင်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။)

 

 
 

More Tags