လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ခြင်းသင်တန်း (Training on PPE Wearing ) ကျင်းပပြုလုပ်

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၁ ရက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် (၂၁-၄-၂၀၂၀) ရက်နေ့၌  ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ခြင်းသင်တန်း (Training on PPE Wearing) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါက်တာ မြတ်မြတ်နှင်း၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီးမှ COVID-19 ကူးစက်ရောဂါပိုးအကြောင်း၊ ကူးစက်ပုံ၊ ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်နည်းများကို သင်ကြားခဲ့ပါသည်။
     ထို့နောက် တက်ရောက်လာသူများမှ လက်တွေ့ဝတ်ဆင်ကြပါသည်။ တက်ရောက်လာသူများမှ မေးမြန်းချက်များကို ဒေါက်တာမြတ်မြတ်နှင်း၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီးနှင့် ဒေါက်တာတင်ဝမ်း၊ ဒုပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာမှူး က ဖြေကြားခဲ့ပါသည်။ သင်တန်းသို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ရောဂါဗေဒဆရာဝန်ကြီး၊ ဒုပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံမှကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရွှေလွိုင်ကော်လူမှုရေးအသင်းမှ အဖွဲ့ဝင်များ၊ ရွှေတောင်လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ပါသည်။

 

More Tags