COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (17-4-2020, 8:00 pm)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံတွင် (၂၄-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါရှိကြောင်းဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-003) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၆-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲ နမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ပါ။

၄။ (၂၉-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော (Case-009) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား (၁၂-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိတော့ပါ။

၅။ (၃၀-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-012) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား (၁၆-၄-၂၀၂၀)ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ပါ။

၆။ (၁၆-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၇-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၃၂)ဦး ရှိပါသည်။

၇။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့တွင် ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၃) ခုအနက် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ကလေးမြို့တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး၊ စုစု‌ပေါင်း (၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျန်လူနာ (၉၀)ဦးတွင် COVID -19 ရောဂါပိုး မတွေ့ရှိပါ။

 

More Tags