COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (15-4-2020, 10:30 AM)

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

၃။ သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။

၄။ အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


 
 
 

More Tags