စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြည်သူ့ကျန်းမာရေးပညာရှင် ဝန်ထမ်းများအား ဓာတ်ခွဲနမူနာယူခြင်း သင်တန်းဆောင်ရွက်

မုံရွာမြို့၊ ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၁၃)ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မုံရွာမြို့ အစည်းအဝေးခန်းမ၌ ပြည်သူ့ကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်များ၊ ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်း များအား လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) နှင့် ပတ်သက်၍ နှာခေါင်းတို့ပတ် (Nasopharyngeal Swab)၊ အာခေါင်တို့ပတ် (Oropharyngeal Swab) စသော ဓာတ်ခွဲနမူနာယူခြင်း၊ စနစ်တကျ ထုတ်ပိုးခြင်း၊ အကာအကွယ်ဝတ်စုံ (Personal Protective Equipment) ဝတ်ခြင်း၊ ချွတ်ခြင်းကို စနစ်တကျ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လက်တွေ့သင်တန်းအား ၂၀၂၀ ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

 


     အဆိုပါသင်တန်းကို မုံရွာပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ)၊ ဒေါက်တာ ထွန်းလင်းမှ လာရောက်၍ လက်တွေ့သင်ကြား ပြသပေးခြင်း၊ အပြန်အလှန် ဆွေးနွေး ဖြေကြားခဲ့ပါသည်။ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အထူးရောဂါနှိမ်နင်းရေးမှ ဝန်ထမ်းများ၊ မုံရွာခရိုင်ပြည်သူ့ကျန်းမာမှ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ တိုက်နယ်ဆရာဝန်များ၊ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ စုစုပေါင်း (၃၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

 

 

More Tags