မွေးဖွားကြောင်းလက်မှတ်များ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းသွားရောက်မည့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြား

Union Minister Dr. Myint Htwe gives guidance to the team which will make field visits to provide birth certificates in Rakhine State

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၇) ရက်နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်တန်းခန်းမ၌ မွေးဖွားကြောင်း လက်မှတ်များ ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းသွားရောက်မည့်အဖွဲ့အား လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန်အတွက် လမ်းညွှန်မှာကြားမှုများ ပေးအပ်ခဲ့ ပါသည်။


 

     ကွင်းဆင်းအဖွဲ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်နှင့် ပဲခူးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ လက်ထောက်ဆရာဝန်၊ လက်ထောက်ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ဝန်ထမ်းစုစုပေါင်း (၅) ဦးပါဝင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ ကွင်းဆင်းသွားရောက်၍ မွေးဖွားကြောင်းလက်မှတ်များ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


 

     ထိုသို့ လမ်းညွှန်မှာကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဆေးရုံအုပ်ကြီး/ ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးသတင်းအချက်အလက်) ဒေါက်တာဇော်မင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာဉာဏ်ဝင်းမြင့်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags