အမရပူရမြို့နယ်၊ တမုဆိုးကျေးလက်ကျန်းမာရေးဌာနအောက်ရှိ မကျီးချိုကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

အမရပူရမြို့နယ်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ(၂) ရက်

      မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုဆိုးကျေးလက်ကျန်းမာရေးဌာနအောက်ရှိ မကျီးချိုကျေးလက်ကျန်းမာရေးဌာနခွဲတွင် (၂-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် Conronavirus Disease (COVID-19) အဆုတ်ရောင်ရောဂါ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် မန္တလေးဒေသကြီး၊ အမရပူရမြို့နယ်၊ တမုဆိုးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၊ ဦးမျိုးဝင်းနှင့် မကျီးချိုကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ၊ ဒေါ်စုမြတ်ဖြိုးတို့မှ အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာများ ကူးစက်နိုင်သည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် စနစ်တကျ လက်ဆေးနည်းအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခြင်းနှင့် Fever Surveillance လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါဟောပြောပွဲတွင် အမရပူရမြို့နယ်၊ တမုဆိုးကျေးလက်ကျန်းမာရေးဌာနနှင့် မကျီးချိုကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများ၊ မကျီးချိုကျေးရွာမှ ပြည်သူလူထုစုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပါသည်။

More Tags