၂၀၁၉ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ (World Contraception Day 2019) အခမ်အနားကျင်းပပြုလုပ်

လွိုင်ကော်မြို့၊ (၂၀၁၉)ခုနှစ်၊  စက်တင်ဘာလ (၃၀)ရက်

      ကယားပြည်နယ်၊ လွိုင်ကော်မြို၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၃၀-၉-၂၀၁၉)ရက်နေ့၌ ၂၀၁၉ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ (World Contraception Day 2019) အခမ်အနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းက ၂၀၁၉ခုနှစ် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ ကျန်းမာရေးဝန်ထမ်းများ  စုစုပေါင်း (၁၅၀)ဦး  တက်ရောက်ခဲ့ ကြပါသည်။ 

 

More Tags