လားရှိုးမြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၃၁)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ (၃၁-၁-၂၀၂၀) နံနက် ၁၀:၃၀ နာရီတွင် 2019 Novel Coronavirus (2019- nCoV) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို မီဒီယာများအား အသိပေး ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။
အသိပေးရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်တကွ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လားရှိုးကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ MRTV၊ The Voice၊ Tachileik News ၊ RFA၊ Lashio News၊ Cherrry FM၊ Eleven၊ ရတနာပုံ၊ မြဝတီ၊ မြစ်မခ၊ ရွှေဖီမြေ၊ မားနဂါး၊ ပြန်ဆက်၊ သတင်းတပ်ဖွဲ့၊ Lashio Media များမှ သတင်းထောက်များနှင့် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။