04 May 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံ ခြေတုလက်တုနှင့် အားပြုကိရိယာအလုပ်ရုံသို့ သွားရောက်

ရန်ကုန်၊ ၂၀၂၅ ခုနှစ် မေလ ၂ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင်ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ခြေတုလက်တုနှင့်အားပြု ကိရိယာအလုပ်ရုံသို့သွားရောက်၍ ခြေလက်ဆုံးရှုံးရသူ လူနာများအား ‌ခြေတုလက်တု တပ်ဆင်ပေးနိုင် ရေးအတွက် ခြေတုလက်တုတိုင်းတာ တပ်ဆင်ထုတ်လုပ်သည့် နေရာ၊လေ့ကျင့်သင်ကြားမှု ဆောင်ရွက်သည့်နေရာ၊ ခြေတုလက်တုနှင့်အားပြုကိရိယာဆိုင်ရာ ကျွမ်းကျင်သင်တန်းဆောင်ရွက်သည့် ဌာနနှင့် ခြေဖဝါးတု ထုတ်လုပ်သည့် စက်ရုံတို့ကို လှည့်လည်ကြည့်ရှု၍ လူနာများအား အားပေး စကားပြောကြားပြီး အလုပ်ရုံလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

                             

      

                             

     ထို့နောက် အစည်းအဝေးခန်းမ၌ တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံ (ခုတင်-၃၀၀)-မင်္ဂလာဒုံမှတပ်မှူးဒုတိယဗိုလ်မှူးကြီး ဌေးအောင်က အဆိုပါဆေးရုံ၌ ခြေတုလက် တုများတပ်ဆင် ထုတ်လုပ်ပေးနေသည့်အခြေအနေ များ၊အမျိုးသား ပြန်လည်သန်စွမ်းရေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာခင်သီတာအောင်က ဆေးရုံ၏ကုသရေးလုပ်ငန်းများနှင့် ခြေတုလက် တုအားပြု ကိရိယာအလုပ်ရုံ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ၊မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (ICRC)၏ ခြေတုလက်တုအလုပ်ရုံတွင်လုပ်ငန်းဆောင်‌ရွက်နေမှုအ‌‌ခြေအနေများကိုလည်းကောင်းရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုကိုပြည့်စုံအောင်ဆောင်ရွက်ရာတွင်ပြန်လည်သန်စွမ်းရေးလုပ်ငန်းများလည်း အရေးကြီးပါကြောင်း၊ အမျိုးသားပြန်လည်သန်စွမ်း ရေးဆေးရုံရှိ ခြေတုလက်တု နှင့်အားပြုကိရိယာ အလုပ်ရုံသည် ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ပြန်လည်သန်စွမ်းရေး လိုအပ်သော လူနာများအတွက် အဓိကအားပြုဆောင်ရွက်နေသည့် ဌာနဖြစ်သဖြင့် လုပ်ငန်းများ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးပိုမိုကောင်းမွန်သော ခြေတုလက်တုများ တပ်ဆင်ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခြေတုလက်တုကျွမ်းကျင် ပညာရှင်များကို အရေအတွက် ပိုမို၍ လေ့ကျင့်သင်ကြားပေးရန်နှင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းတိုးတက်ဖွံ့ဖြိုးရေးအတွက်ပါ တစ်ပါတည်း စဉ်းစားဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ (၂၈-၃-၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သော မန္တလေးငလျင်ကြောင့် ခြေလက်ဆုံးရှုံးသူ လူနာများအားလုံးကို ၎င်းတို့၏ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် ခြေတုလက်တုများ တပ်ဆင်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှစေတနာ အပြည့်အ၀ဖြင့် အလုံးစုံခြေတုလက်တုများအပြီးအစီး တပ်ဆင်ပေးနိုင်သည်အထိ အပြည့်အ၀ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်လမ်းညွန်ထားပါကြောင်း၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

                            

                             

      ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေးသိုလှောင် အအေးခန်းတွင်ကာကွယ်ဆေးများ သိုလှောင် သိမ်းဆည်းထားမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာဧည့်ခန်းမ၌ငလျင်ဘေးဒဏ်သင့်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက လှူဒါန်းသော အလှူငွေကျပ် သိန်း(၁၀၀)ကို ပါတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးနှင့်အဖွဲ့က ပေးအပ်ခြင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံဆီးချိုသွေးချို နှင့် ဟော်မုန်းရောဂါအသင်းနှင့် ဆေးတက္ကသိုလ်(၂)၊ ရန်ကုန် သင်ကြားရေးဌာနများနှင့် ကျောင်းသား ကျောင်းသူများက ငလျင်ဘေးဒဏ်ခံစားခဲ့ရသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်သင့်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုတို့ အတွက် လှူဒါန်းသော အလှူငွေကျပ် သိန်း(၁၀၀)စီကိုလည်းကောင်း လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

More Tags