ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဘင်္ဂလီကျေးရွာများနှင့် IDP Camps ကယ်ဆယ်ရေးစခန်းများတွင် အမီလိုက်ကာကွယ်ဆေးလွှမ်းခြုံခြင်း Catch-up Immunization ပထမအကြိမ် (ဖေဖော်ဝါရီလ) ဆောင်ရွက်

ပေါက်တောမြို့၊ ဖေဖော်ဝါရီလ (၅) ရက်

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှု အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဘင်္ဂလီကျေးရွာများနှင့် IDP Camps ကယ်ဆယ်ရေး စခန်းများတွင် ကာကွယ်ဆေးလွှမ်းခြုံမှုများ ပိုမိုကောင်းမွန်စေရန်အတွက် အသက် (၃) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား အမီလိုက်ကာကွယ်ဆေး လွှမ်းခြုံခြင်း Catch-up Immunization အား ပထမအကြိမ်၊ ပထမနေ့အဖြစ် (၅.၂.၂၀၁၉) ရက်နေ့တွင် ငှက်ချောင်း၊ ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းများ၌ ဆေးထိုးစုရပ် (၅) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 
 
 
 

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ သလိပ်စစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ သွေးဖောက် စစ်ဆေးခြင်း၊ ခုခံ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ ကိုယ်ဝန်ဆောင်များအား သွေးဖောက်စစ်ဆေးခြင်း (PMCT, VDRF)၊ အာဟာရဌာနမှ လက်မောင်းလုံးပါတ်တိုင်းတာခြင်း (MUAC)၊ ကျန်းမာပညာဌာနမှ ကျန်းမာရေးအသိပညာပေးခြင်း၊ သွားကျန်းမာရေးဌာနမှ သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အထွေထွေရောဂါကုသပေးခြင်းလုပ်ငန်းများကို Integrated Approach အသွင်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

     အထွေထွေဆေးခန်းလာသူ (၁၄၂) ဦး၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်ပေးသူ (၁၁၂) ဦး၊ အသက် (၃) နှစ်အောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးသူ (၂၇၂) ဦး၊ ကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးသူ (၁၂၀)ဦး၊ ငှက်ဖျားသွေးဖောက်စစ်ဆေးသူ (၁၁) ဦး၊ ခုခံ/ကာလသားရောဂါတိုက်ဖျက်ရေးဌာနမှ (PMCT, VDRF) သွေးဖောက်စစ်ဆေးသူ (၆၃) ဦး၊ တီဘီ ရောဂါဌာနမှ သလိပ်စစ်ဆေးသူ (၁၄)ဦး၊ ဓါတ်မှန်ရိုက်ပေးသူ (၁၂)ဦး၊ အာဟာရစစ်ဆေးကျွေးမွေးသူ (၇၄)ဦး၊ ကျန်းမာပညာဌာနမှ ကျန်းမာရေးအသိပညာပေးသူ (၂၀၀) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

 

More Tags