မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံခြင်း

ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေးစတင်ထိုးနှံခြင်း ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေးခဲ့ပါသည်။ ကာကွယ်ဆေးထိုးရန် အကြိုပြင်ဆင်မှုများ၊ ဆေးသိုလှောင်ထိန်းသိမ်းမှု၊ အရေးပေါ်စောင့်ရှောက်မှုပေးရန် ကြိုတင်ပြင်ဆင်ထားမှု အစီအစဉ်များ၊ ကာကွယ်ဆေးထိုးရန် မှတ်တမ်းတင်ခြင်း စသည်ပြင်ဆင်မှုများကို (၂၇.၁.၂၀၂၁) တွင် ဆောင်ရွက်ခဲ့ကြပါသည်။ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးမှုများ ပြန်လည်သတင်းပို့ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်လမ်းညွှန်မှုများဖြင့်ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးအောင်ဝင်းမှလည်း လာရောက်ကြည့်ရှု၍ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကား ပြောကြား ခဲ့ပါသည်။

 
 

More Tags