ပင်းတယမြို့နယ်တွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

ပင်းတယ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် ​​ရေချမ်းစင်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံကျန်းမာရေးဝန်ထမ်းတို့သည် ဇန်နဝါရီလ ၃၁ ရက်နေ့က စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ​ဌာနအပိုင် သရက်ကုန်းကျေးရွာတွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဆေးမှုတ်​ခြင်းများနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ပါသည်။

More Tags