တောင်သာမြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ

တောင်သာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်

      မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ပထမဆုံးနေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆေးရုံအခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင် ကာကွယ်မယ်၊ ဦးစားပေး အစီအစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကို ထိုးနှံစို့” အတိုင်း ဆေးရုံအခြေပြု ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို တောင်သာ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌  (၂၈-၁-၂၀၂၁) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၊ ဦးကျော်မျိုးအောင်၊ ဦးဝိုင်းချစ်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုဝင်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးကော်မတီဝင် များနှင့် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags