ရမည်းသင်းမြို့နယ်တွင် ခရိုင်ပြည်သူ့ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

မန္တလေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်

      မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ခရိုင်ပြည်သူ့ဆေးရုံအခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင် ကာကွယ်မယ်၊ ဦးစားပေး အစီ အစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကို ထိုးနှံစို့”အတိုင်း ယနေ့  (၂၉.၁.၂၀၂၁) ရက်နေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၊ သံဃာဆောင်ခန်းမ၌ ခရိုင်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်း များအား ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံခဲ့ပါသည်။ ယနေ့ ခရိုင်ပြည်သူ့ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသော ကျန်းမာရေးဝန်ထမ်း (၁၀၁) ဦးအား ထိုးနှံပေးနိုင်ခဲ့ပါသည်။ ရမည်းသင်းမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းပေါင်း (၃၁၀) ဦးရှိကာ နှစ်ရက်တာကာလအတွင်း (၂၉၃) ဦး ထိုးနှံပေးခဲ့ပါသည်။

 
 

More Tags