ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (30-1-2021)

အမှတ်စဉ် (၂၅၉)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၂၄၅၈)ဦးအား COVID-19 ကာကွယ်ဆေးအား (၂၇-၁-၂၀၂၁) ရက် နေ့လယ်ပိုင်းမှ စ၍ အသုတ်လိုက်ထိုးနှံ ပေးလျှက်ရှိရာ ယနေ့(၃၀-၁-၂၀၂၁)ရက်နေ့တွင် မန္တလေးအထွေထွေေရောဂါကုဆေးရုံကြီး၏ကာကွယ်ဆေးထိုးနှံပေးခြင်း ဆေးထိုးစုရပ်သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာရဲလွင်ဦးဆောင်သော တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးနေပုံ


 
 
 

အမှတ်စဉ် (၂၆၀)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၂၄၅၈)ဦးအား COVID-19 ကာကွယ်ဆေးအား (၂၇-၁-၂၀၂၁) ရက်နေ့လယ်ပိုင်းမှ စ၍ အသုတ်လိုက်ထိုးနှံ ပေးလျှက်ရှိရာ ယနေ့(၃၀-၁-၂၀၂၁)ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ကာကွယ်ဆေးထိုးနှံပေးခြင်း ဆေးထိုးစုရပ်သို့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးနေပုံ


 
 
 

အမှတ်စဉ် (၂၆၁)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ကာကွယ်ဆေးထိုးနှံခြင်း ဆေးထိုးစုရပ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ ရဲလွင်ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျကာကွယ်ဆေးထိုးနှံနိုင်ရေး လက်ကိုင်စပီကာဖြင့် အသိပေး ပြောကြားနေပုံ


 
 
 

အမှတ်စဉ် (၂၆၂)
ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရွာငံမြို့နယ်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၃.၁.၂၀၂၁)

 
 

More Tags