ပျော်ဘွယ်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ

ပျော်ဘွယ်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

      မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ပထမဆုံးနေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ခရိုင်ပြည်သူ့ဆေးရုံအခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင်ကာကွယ်မယ်၊ ဦးစားပေးအစီအစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကို ထိုးနှံစို့” အတိုင်း ဆေးရုံအခြေပြု ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ပျော်ဘွယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ယနေ့ (၂၈-၁-၂၀၂၁) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းဦး၊ ဒေါ်နေကြည်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မာလာ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များနှင့် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags