မြင်းခြံမြို့နယ်တွင် ခရိုင်ပြည်သူ့ဆေးရုံအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ

မြင်းခြံ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပထမဆုံးနေ့အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ခရိုင်ပြည်သူ့ ဆေးရုံအခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင်ကာကွယ်မယ်၊ ဦးစားပေးအစီအစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကိုထိုးနှံစို့” အတိုင်း ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ခရိုင်ပြည်သူ့ ဆေးရုံကြီး၊ သင်တန်းခန်းမ၌  (၂၇-၁-၂၀၂၁) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags