မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

     မန္တလေးတိုင်းဒေသကြီးတွင် ပထမဆုံးအဖြစ်ကိုဗစ်-၁၉ကာကွယ်ဆေးအား ဗဟိုအဆင့်၊ တိုင်းအဆင့်၊ အထူးကုဆေးရုံကြီးများနှင့် ခရိုင်/မြို့နယ်ဆေးရုံများတွင်အခြေပြု၍ “ကိုဗစ်-၁၉ အန္တရာယ် မိမိကိုယ်တိုင် ကာကွယ်မယ်၊ ဦးစားပေး အစီအစဉ်အလိုက် စောင့်ဆိုင်းလို့ ကာကွယ်ဆေးကို ထိုးနှံစို့” အတိုင်း ကိုဗစ်-၁၉ ကာကွယ် ဆေးစတင်ထိုးနှံခြင်းအခမ်းအနားကို မန္တလေးမြို့တော်ခန်းမ၌ ယနေ့ည (၁၅:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများရှိ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို မန္တလေးဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ကြည့်ရှု့အားပေးခဲပါသည်။

More Tags