ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၈၀၀၀) ဦးခန့်အား COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ပဲခူးမြို့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်

     ပြည်သူလူထုအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၂၇) ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးနေပါသည်။ ကာကွယ်ဆေးထိုးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈) မြို့နယ်တွင် သက်ဆိုင်ရာမြို့နယ်များရှိဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း (၈၀၀၀) ဦးခန့်အား ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကနဦး ထိုးနှံပေးမည်ဖြစ်ပြီး ဆက်လက်၍လည်း သတ်မှတ်ထားသည့်အုပ်စုများအား ဦးစားပေးအစီအစဉ်အတိုင်း COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံသွားမည်ဖြစ်ပါသည်။

 

     အဆိုပါကာကွယ်ဆေးထိုးသည့်စုရပ်များသို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟတို့ ဦးဆောင်သောအဖွဲ့မှ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

More Tags