ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (27-1-2021)

အမှတ်စဉ် (၂၅၀)
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအား သားဖွားသင်တန်းကျောင်း (နေပြည်တော်)၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင် ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားနေပုံ (Photo credit: Myanmar State Counsellor Office Facebook Page)


 
 
 

အမှတ်စဉ် (၂၅၁)
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD)ပထမအသုတ်အားစတင်ထိုးနှံခြင်း၊
(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နံနက် (၈) နာရီအချိန်တွင် မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပုံ


 
 
 

အမှတ်စဉ် (၂၅၂)
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ပထမအသုတ်အားစတင်ထိုးနှံခြင်း၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ပထမဆုံး  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်သက်သက်သက်သိန်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားနေပုံ


 
 
 

၁။ (၁၂-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

 
 

More Tags