မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံ၊ နေပြည်တော်ရှိ ကာကွယ်ဆေးထိုးစုရပ်များသို့ ပြည်ထောင်စုဝန်ကြီးသွားရောက် ကြည့်ရှု

(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့

     ယနေ့၊ နံနက် (၈) နာရီမှ စတင်၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အစည်း အဝေးခန်းမဆောင် (၂) ရှိ ကာကွယ်ဆေးထိုးစုရပ်နှင့် သားဖွားသင်တန်းကျောင်း၊ နေပြည်တော်ရှိ ကာကွယ်ဆေးထိုးစုရပ်တို့သို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက် နေမှုများအား ကြည့်ရှုခဲ့ပါသည်။

 


 
 
 

     မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့၊ နံနက် (၈) နာရီအချိန်တွင် ထိုးနှံပေးခဲ့ပါသည်။

     ယနေ့၊ ညနေအထိ စာရင်းများအရ ကျန်းမာရေးဝန်ထမ်း (၃၀,၅၅၁)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါသည်။

 

 
 

More Tags