လှည်းကူးမြို့နယ်တွင် STOP COVID – 19 YELLOW CAMPAIGN ကျင်းပပြုလုပ်

ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

      ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်၊ လူစည်ကားရာနေရာများဖြစ်သော ကားဂိတ် ၊ ဈေးများ၌  ( ၂၂ . ၁ . ၂၀၂၁ ) ရက်နေ့ ၊ နံနက်  (၉ : ၀၀) နာရီ အချိန်တွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထူလှုပ်ရှားမှု STOP COVID-19 YELLOW CAMPAIGN ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူထုလှုပ်ရှားမှုအား လှည်းကူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာရန်နိုင်ဆွေ၏ ဦးဆောင်လမ်းညွန်မှုဖြင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ ကော်မတီ ဝင်များ ၊ ဌာဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ Mask တပ်ပါ ၊ လက်ဆေးပါ ၊ ခပ်ခွာခွာနေပါ ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ ၊ သတိပေးပါ ဟူသော ကျန်းမာရေးအသိပညာများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာအောင် ရည်ရွယ်၍ ကျန်းမာရေးပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

 
 

More Tags