ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ စျေးများတွင် STOP COVID-19 အဝါရောင် Campaign ကျင်းပပြုလုပ်

ရန်ကုန်မြို့၊ (၂၀၂၁) ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်

     ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ဒဂုံညွန့်ဈေးလမ်းအပြင် ပျံကျဈေးတွင် STOP COVID-19 အဝါရောင် Campaign ကျင်းပပြုလုပ်ခဲ့ပါသည်။ STOP COVID_19 အဝါရောင် Campaign တွင် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးနှင့် တစ်ဦးအသိပေးပါ၊ သတိပေးပါ၊ အဝါရောင် Campaign ရှိ အဓိကကျန်းမာရေးအသိပညာများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာနိုင်အောင် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ STOP COVID_19 အဝါရောင် Campaign တွင် Mask, Face Shield, Pamphlet များဝေငှပြီး Hand Speaker ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများပါ ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါ STOP COVID_19 အဝါရောင် Campaign ကို ရန်ကုန်တိုင်း လူဝန်မူကြီးကြပ်‌ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ ဝန်ကြီးဒေါ်မိုးမိုးစုကြည်၊ လွတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လမ်းမှူးများ၊ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။

More Tags