ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (24-1-2021)

အမှတ်စဉ် (၂၃၈)
ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (Mask and Face Shield Campaign) ကို အောင်မြေသာစံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဝင်များနှင့်စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်နေပုံ (၂၀.၁.၂၀၂၁)


 
 
 

အမှတ်စဉ် (၂၃၉)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လေရှီး မြို့နယ်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၇.၁.၂၀၂၁)


 
 
 

အမှတ်စဉ် (၂၄၀)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် ဟိုပုံးမြို့နယ်၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၁.၁.၂၀၂၁)


 
 
 

အမှတ်စဉ် (၂၄၁)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ)/(ဧရာကိုဗစ်စင်တာ-ရန်ကုန်)အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကျန်းမာရေးဝန်ထမ်းများမှ ရောဂါပြင်းထန်စွာခံစားရနေသူ တစ်ဦးကို ကုသ စောင့်ရှောက်မှုများ ပေးအပ်နေပုံ          (၂၁-၁-၂၀၂၁) (ယခုကဲ့သို့ အထူးကြပ်မတ်ကုသဆောင်(ICU)များတွင်ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာခံစားရသူ တစ်ဦးတစ်ယောက်မျှမရှိစေလိုပါ၊ ရိုးရှင်းလွယ်ကူသော ရောဂါကာကွယ်ရေးနည်းလမ်းများကိုသတိပြုလိုက်နာစေရေး မိသားစုဝင်/မိတ်ဆွေ အချင်းချင်းအသိပေး/သတိပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။)

 
 

More Tags