မိုးညိုမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်း ဆိုင်ရာကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် MASK AND FACE SHIELD CAMPAIGN ကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

မိုးညိုမြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် (၂၀-၁-၂၀၂၁) ရက်နေ့ ၇ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ စည်ပင်သာယာဈေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမနှင့် လူစည်ကားရာလမ်းဆုံများတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မျက်စိရောဂါကုသရေး ကူညီမှုအသင်းဝင်များတို့ ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့်ပြုမူ ပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု စီမံချက် (MASK AND FACE SHIELD CAMPAIGN) အနေဖြင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ Mask နှင့် FaCESHIELD များကို အခမဲ့ဖြန့်ဝေခြင်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါသည်။

More Tags