ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသိပေးညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၂၁) ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အသိပေးညှိနှိုင်းအစည်းအဝေးအား (၂၁-၁-၂၀၂၁) ရက်နေ့ နေ့လည် (၁၁) နာရီအချိန်တွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်ဆရာဝန်များ၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်း ဆရာဝန်များဖြင့် ကျင်းပခဲ့သည်။

 

 

     အဆိုပါအစည်းအဝေး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ကျိုင်းတုံမြို့နယ်အတွင်း ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြင်ပပုဂ္ဂလိကဆရာဝန်များ၏ အရေးပါမှု၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအသေးစိတ်များအား ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (တကဆ/ ကူးစက်)ဒေါက်တာလင်းထွဋ်ဦးက Role of Private Sectors in Communicable Disease Surveillance အကြောင်းအား ဆွေးနွေးပြောကြား၍ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများတွင် ပြင်ပပုဂ္ဂလိကဆရာဝန်များ၏ အရေးကြီးပုံ၊ ပြင်ပဆရာဝန်များ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လိုအပ်ပါက ပြည်နယ်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် တယ်လီဖုန်းနံပါတ်များ ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီးနောက် တက်ရောက်လာသူများမှ ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၊ COVID-19 ရောဂါနှိမ်နင်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ နိဂုံးချုပ်အနေဖြင့် ပြည်နယ်မှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည့် ကဏ္ဍများ၊ ပြင်ပပုဂ္ဂလိကဆရာဝန်များ နှင့် ချိတ်ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ပြောကြားခဲ့သည်။ အဆိုပါအသိပေးညှိနှိုင်းအစည်းအဝေးသို့ ဆရာဝန် စုစုပေါင်း (၂၀) ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လည် (၁) နာရီတွင် အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။

More Tags