ပင်းတယမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုမဖြစ်ပေါ်စေရေး လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ပင်းတယမြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တိုက်နယ်ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာ​ရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် COVID-19 ရောဂါ ကူးစက်ပျံ့နှံမှုမဖြစ်ပေါ်စေရေး အသိပညာပေးခြင်းကို ဇန်နဝါရီလ၈ရက်နေ့မှ ၁၇ရက်နေ့အထိ အပတ်စဉ် ဌာနအပိုင်ကျေးရွာများအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 

     အခြေခံကျန်းမာရေးဝန်ထမ်းများက ကျေးလက်နေပြည်သူများ ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ မိမိအိမ်တွင်သာနေထိုင်ရန်၊ အိမ်ပြင်ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိရန် လက်ကိုင်အသံချဲ့စက်( Hand Speaker) ဖြင့်သော်လည်းကောင်း၊ အသံချဲ့စက် ( loud Speaker) ဖြင့်သော်လည်းကောင်း အသုံးပြု၍ ကျန်းမာရေးအသိပညာပေးဆော်ဩခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာမို့မို့ကြည်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနအပိုင်ကျေးရွာများအတွင်းသို့ ကိုဗစ်-၁၉နှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန်များ အချိန်နှင့်တပြေးညီ ဆော်သြပေးသွားမည်ဖြစ်ပါသည်။

More Tags