“ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ်” (၁၇ ပတ်အစီအစဉ်) (17-1-2021)

• ဤအစီအစဉ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့ ပူးပေါင်းတင်ဆက်သွားမည်ဖြစ်ပါသည်။

• အစီအစဉ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ် လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာ ရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင် မှတစ်ဆင့် ပြန်လည်ဖြေကြား ပေးမည် ဖြစ်ပါသည်။

• သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌

- ဤပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊

- [email protected] အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေး မြန်း နိုင်ပါသည်။

•ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်း ဆုံး (၁) ရက် ကြိုတင်၍နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုပါသည်။

• အစီအစဉ်အား အပတ်စဉ် အင်္ဂါနေ့များတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

• Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့မှ National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာများမှတစ်ဆင့်ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ပါသည်-

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

More Tags