ကချင်ပြည်နယ်အတွင်းရှိ စျေးများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask & Face Shield Campaign) နှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြစ်ကြီးနား၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်

     ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ် တို့တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစုလူဝေးများပြားသည့် ဈေးများ၊ လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 
 

More Tags