တာမွေမြို့နယ်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ် ပညာ‌ပေးလူထုစီမံချက် (MASK AND FACE SHIELD CAMPAIGN) ကို အရှိန်ဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၅) ရက်၊ နံနက်(၉း၀၀) နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ တာမွေကြီး (ခ) ရပ်ကွက်နှင့် လူစည်ကားသည့်နေရာများတွင် Mask And Face Shield , Pamphlet များဝေငှခြင်း၊ Hand Speaker များဖြင့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်း တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

 
 

More Tags