ပင်းတယမြို့နယ်၊ ပွေးလှမြို့မစျေးတွင် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ကွင်းဆင်းဆောင်ရွက်

ပင်းတယ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှတိုက်နယ်ကျန်းမာရေးဌာနမှ  ကျန်းမာရေးဝန်ထမ်းများသည် ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ တွဲလက်လူငယ်များအဖွဲ့၊  သဘာဝထိန်းသိမ်းရေးအဖွဲ့နှင့်ပူးပေါင်းကာ ပွေးလှစျေးအတွင်း ပြင်ပမြို့နယ်များမှ ဈေးသည်များ ဈေးလာရောင်းချမှုအားတားမြစ်ခြင်း၊ ဈေးသည်၊ ဈေးဝယ် များ၊ သွားလာလှုပ်ရှားကြသောပြည်သူများအား ရောဂါကာကွယ်ရေးအတွက် Mask စနစ်တကျ တပ်စေခြင်း၊ စနစ်တကျစွန့်ပစ်ခြင်းအတွက်ပညာပေးခြင်း၊ Mask ဝေငှခြင်းများ၊ Mask တပ်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ကြရန် ဆိုင်းဘုတ်ထောင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းတွင် ပြည်သူလူထုအား Mask (၃၅၀)ခန့် ဝေငှခဲ့ပါသည်။

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၊ မျက်နှာအကာ (Face shield) မဖြစ်မနေတပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်းနှင့် တပ်ဆင်ခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးပြောကြားခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်ပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ပင်းတယမြို့ပေါ်ရှိရပ်ကွက်များနှင့်ကျေးရွာမျာရှိ လူစည်ကားရာနေရာများ၌ မျက်နှာ နှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 
 

More Tags