လင်းခေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လင်းခေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များသည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက လင်းခေးမြို့နယ်၊ လွိုင်လုံအုပ်စု၊ ပန်တဝိကျေးရွာသို့သွားရောက်ပြီး ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်း ဆောင်ရွက် ရာတွင် ကျေးရွာနေပြည်သူများ၊ ကိုယ်ဝန်ဆောင်များအားအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တီဘီရောဂါအကြောင်းကျန်းမာရေးပညာပေးခြင်း၊ ရှမ်းဘာသာ၊ ပအိုဝ်ဘာသာရဖြင့်ရိုက်နှိပ်ထားသော ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး ပညာ ပေးခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပန်တဝိကျေးလက်ကျန်းမာရေးဌာနခွဲ၏ ဆေးစတို ပြင်ဆင်ထားရှိမှု၊  သားဖွားခန်းအတွက် နေရာထိုင်ခင်းများ လျာထားခြင်း၊ ဆေးခန်းပြင်ဆင်ရန် လိုအပ်ချက် များကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပါသည်။ ဆေးခန်းအသင့်ဖြစ်ရေး ပြင်ဆင်ထားရန်၊ ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရပ်ရွာသူကြီးနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက် ခဲ့ပါသည်။

 

 
 

More Tags