ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (12-1-2021)

အမှတ်စဉ် (၁၉၀)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ အခြေခံကျန်းမာရေးပညာရှင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၄.၁.၂၀၂၁)

 
 

အမှတ်စဉ် (၁၉၁)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက် ပုံမှန်ကာကွယ်ဆေးထိုးစုရပ်များ၌ COVID-19 ရောဂါကာကွယ်ရေး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ဆောင်ရွက်နေပုံ (၈.၁.၂၀၂၁)

 
 

အမှတ်စဉ် (၁၉၂)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၄.၁၁.၂၀၂၀)

 
 

အမှတ်စဉ် (၁၉၃)
ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါခံစားရနေသူတစ်ဦးကို ကွန်ပြူတာဓာတ်မှန် (CT scan) ဖြင့် ရောဂါ ရှာဖွေ၍ ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ(၁၁-၁-၂၀၂၁)

 
 

More Tags