လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

လင်းခေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ဖြစ်မလာစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ဟိုမိန်းမြို့ပေါ် ရှိ ရပ်ကွက် (၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဟိုမိန်းကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ၊ ရပ်ကျေးစာရေးများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြစေရန် ဒေသခံပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်စေရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် များအား ပြည်သူများ သိရှိရန် Hand Speaker ဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags