ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကွန်ဟိန်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းအား ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်ခန့်က ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင်နေအိမ်မှပြင်ပသို့ထွက်ခွာသူများ၊ လမ်းသွား လမ်းလာပြည်သူများ၊ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် စီးနင်းသူနှင့်လိုက်ပါသူများ Mask(နှာခေါင်းစည်း) မတပ်ဆင်လာပါက Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ မလိုအပ်ဘဲ နေအိမ် ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန်အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

 
 

More Tags