လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များအား (Mask and FaceShield Campaign)နှင့် Mask စနစ်တကျ မတပ်ဆင်သူများအား အရေးယူ ဆောင်ရွက်

ရန်ကုန်မြို့၊၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်

     (၈.၁.၂၀၂၁) နံနက်(၇) နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်လာသူများအားလုံး Mask စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဈေးတာဝန်ခံများနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်များပူးပေါင်း၍ (Mask and FaceShield Campaign) နှင့်အတူ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက် ရခြင်း ရည်ရွယ်ချက်မှာ လူစည်ကားသောဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်နှင့် ဝင်ထွက်သူများအားလုံး (Covid-19) ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျ လိုက်နာစေရန်နှင့် ဈေးများမှ တစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်ပါသည်။

 

 

More Tags