ဝေါမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် (MASK CAMPAIGN) ဆောင်ရွက်

ဝေါမြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အပါအဝင် RHC နှင့် S/C တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ Mask မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ဆောင်ရွက်လျက်ရှိပါသည်။

 

     ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အပါအဝင် RHC နှင့် S/C ၌ (၁၀-၁-၂၀၂၁) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် Mask Campaign ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းကို Hand Held Speaker ဖြင့် လှည့်လည်အသိပေး ပြောကြားခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသို့လာရောက်သည့် ပြည်သူလူထုများကို Mask စနစ်တကျ တပ်ဆင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags