သနပ္ပင်မြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန များ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ကျီးပင်စု S/C နှင့် ကျောင်းစု S/C တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ Mask မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ဆောင်ရွက်လျက်ရှိပါသည်။
_2021%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=10-1-21_Thnapin_MskCamp%20(1).jpg)
_2021%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=10-1-21_Thnapin_MskCamp%20(2).jpg)
ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ ကျီးပင်စု S/C နှင့် ကျောင်းစု S/C ၌ (၁၀-၁-၂၀၂၁)ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖအဖွဲ့အစည်းပေါင်းစုံ ပါဝင်သောအဖွဲ့ဖြင့် Mask Campaign ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် COVID-19 ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးပညာပေးခြင်းကို Hand Held Speaker ဖြင့် လှည့်လည်အသိပေး ပြောကြားခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသို့လာရောက်သည့် ပြည်သူလူထုများကို Mask စနစ်တကျ တပ်ဆင်ရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း Mask (၃၅၀) ကို ဝေငှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။