တာမွေမြို့နယ်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာ‌ပေး လူထုစီမံချက် (MASK CAMPAIGN) ဆောင်ရွက်

ရန်ကုန်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်

     ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်၊ နံနက် (၉း၀၀) နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ မေတ္တာညွန့်ဈေးနှင့် မေတ္တာညွန့်ရပ်ကွက်၊ မြန်မာ စီးပွားရေးဘဏ် လူစည်ကားသော နေရာများတွင် Mask And Face Shield , Pamphlet များဝေငှခြင်း၊ Hand Speaker များဖြင့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

More Tags